မှိုဘာလချောင်ကြော်

မှိုဘာလချောင်ကြော်စားချင်နေလို. ခုလိုမှိုလှိုင်လှိုင်ပေါ်တဲ.ရာသီမှာ ကြော်ထားပေးဖို. မေမေကိုလှမ်းဖုန်းဆက်မယ်လုပ်တုန်းPeninsular မှာမြန်မာပြည်ကရောက်လာတဲ.ရှည်တံရှည်မှို တွေ.တာနဲ. ဝယ်ပြီးကြော်လိုက်တယ်.. မှိုဘာလချောင်ကြော်က စိုက်မှိုတွေနဲ.ကြော်ရင်မကြိုက်တာ ကြောင့်ပါ....

မှိုဘာလချောင်ကြော်အတွက် မှို - (၃၀၀) g - တောင်ပို.မှို (သို.) ငှက်စွပ်မှို ကြက်သွန်နီ - (၂) လုံး အခွံခွာရေဆေးပါးပါးလှီးထားပါ.. ကြက်သွန်ဖြူ - ကြီး- ၁လုံး အခွံခွာရေဆေးပါးပါးလှီးထားပါ..
ဂျင်းကြီး -၂ လက်မခန်. အခွံခွာရေဆေးပါးပါးနှင့် အချောင်းလေးတွေလှီးထားပါ.. ဆား၊ အရသာမှုန်.- အနဲငယ်စီ၊ ငရုပ်သီးအကြမ်းမှုန်. - ထမင်းစာဇွန်း ၂ ဇွန်း၊ *မှိုကိုရေစင်စင်ဆေးပြီး အရိုးကို အရှည်လိုက် အလယ်မှခွဲပြီး တလက်မစီဖြတ်ကာ မှိုပွင့်ကိုတော. သိပ်မကြီးမသေး  အမျှင်လေးတွေရအောင် လက်နှင့်နွင်ပြီးရေစစ်ထားပါ..

ဒယ်အိုးထဲသို. ဆီများများထည်.ကာ ဆီကျက်လျှင် ရေစစ်ထားသောမှိုကို ထည်.ကာ မီးပြင်းပြင်းနှင့် ကြွတ်အောင်ကြော်ပြီးဆီစစ်ထားပါ… လှီးထားသောကြက်သွန်ဖြူ နှင့် ဂျင်းကိုလဲ ကြွတ်အောင်ကြော်ပြီး
ဆီစစ်ထားပါ… ပါးပါးလှီးထားသော ကြက်သွန်နီကိုလဲ ကြွတ်အောင်ကြော်ပြီး ဆီအနဲငယ်သာချန်ထားပြီး ဆီများကို ခွက်တခုထဲခပ်ထုပ်ထားကာ ကြော်ထားသော မှို၊ကြက်သွန်ဖြူ၊ဂျင်းနှင့်  ငရုပ်သီးအကြမ်းမှုန်.၊ဆား၊ အရသာမှုန်. တို.ကိုရောထည်.ကာ မီးအေးအေးနှင့် ၃ မိနှစ်ခန်. ငရုပ်သီး မကျွမ်း အောင်ကြော်ပြီး ဆီစစ်အအေးခံကာ ပုလင်းထဲထည်.ပြီးရှာရှည်စွာ စားသုံးနိုင်ပါသည်..
မှိုရဲ.ပင်ကို အချိုဓါတ်ရှိတာကြောင့် အရသာမုန်.ထည်.မကြော် လဲရပါတယ်ရှင်..

Credit; Myanmar Food & Other

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်