ကိုင်းခရမ်းချဉ်သီးနှင့်ကြက်သွန်ဖူးချက်

ကိုင်းခရမ်းသီးမှည့်မှည့်.............၇လုံးခန့်
ကြက်သွန်နီ...........................၁လုံး
ကြက်သွန်ဖြူ..........................၅တက်
ကြက်သွန်နီဖူး........................၁စည်း
ငရုတ်သီးစိမ်း.. .....................၅တောင့်
နံနံပင်.................................အနည်းငယ်

ကြက်သွန်နီ၊ကြက်သွန်ဖြူကို ညှက်အောင်ထောင်းပါ။

ကိုင်းခရမ်းချဉ်သီးမှည့်တွေရဲ့အစေ့ကိုတစ်ဝက်ခန့်ညှစ်ထုတ်ပြီးခပ်ကြမ်းကြမ်းလှီးပါ။

ကြက်သွန်ဖူးကို၁လက်မခန့်ပိုင်း ဖြတ်ပါ။ငရုတ်သီးစိမ်းကိုထက်ခြမ်းခွဲ ထားပါ။နံနံပင်ကိုသန့်စင်ရေဆေး ထားပါ။

ဒယ်အိုးတစ်လုံးရဲ့အောက်ခြေမှာထောင်းထားသောအရောကိုဖြန့်ထည့်ပါ။

ဆီ၊ဆား၊ဟင်းခတ်မှုန့်၊နနွင်း၊အရောင်တင်တို့ကိုအနည်းငယ်စီထည့်ပါ။

ကိုင်းခရမ်းချဉ်သီးတွေကိုအပေါ်ကအုပ်ထည့်ပြီးမီးရှိန်အေးအေးမှာအဖုံးပျတ်ပြီးစတင်ချက်ပါ။

ခရမ်းချဉ်သီးတွေအနှစ်ကျပြီးရေခမ်းဆီပြန်ပါမှအဖုံးဖွင့်ပြီးညင်သာစွာမွှေပေးပါ။

ကြက်သွန်ဖူး၊ငရုတ်သီးစိမ်းခြမ်းတောင့် တွေထည့်ပြီးပါမှရေအနည်းငယ်လေး ဖြည့်စွက်ကာ အဖုံးပိတ်ပြီးဆီပြန်လာသည်အထိချက်ပါ။

မီးဖိုပေါ်မှချခါနီးမှာနံနံပင်လေးအုပ်ပြီးသုံးဆောင်ပါ။

သက်သတ်လွတ်ဟင်းဖြစ်တာ ကြောင့်အလိုက်ဖက်ဆုံးအတွဲအဖက် ကတော့ငရုတ်ခြောက် တောင့်ကြော်မွှေးမွှေးလေးနှင့်ငါးဖားမငါးဆားနယ်ကြော်လေးပဲဖြစ်ပါတယ်။    

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်