အာလူး Cheese ကော်ပြန့်

မိသားစုအတွက် မနက်ခင်းစာမှာ အရသာအပြောင်းအလဲလေးဖြစ်အောင်ထူးထူးခြားခြားလေးဖြစ်အောင် အာလူးပြုတ်ပြီးသားကလဲ အဆင်သင့်ရှိနေတာဆိုတော့ သား ကိုသစ်ထူးလုပ်သလို cheese potato cutlet လုပ်ချင်တာ ရုံးဖွင့်ရက်မှာကြတော့ အချိန်လုရတာမို့ လက်လျှော့လိုက်ရပေမဲ့ နောက်တနည်းကြံ စည်လိုက်ပါတယ်..


ကော်ပြန့်ဖတ်တွေကလဲ ဝယ်ထားတာ မကုန်သေးဘူးလေ... ဒါဆို. အာလူးကော်ပြန့်လုပ်မယ်... cheese ထည့်လုပ်ကြည့်မယ်ပေါ့... ပြုတ်ထားတဲ့ အာလူးအလုံးကြီး ၂လုံးကိုအခွံခွာ..လက်နဲ့ခြေ...ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့် ၊ ကြက်သွန်နီကြော်တွေထည့်၊ ( နေပြည်တော်မှာကြက်သွန်နီကြော် ရတယ်.. ကျမအတွက် အရမ်းအဆင်ပြေတယ်၊

 ဟင်းအနှစ်အတွက် အာလူးကြော်နဲ့ ကြက်သွန်နီ ကြော် ဟာ သုံးလို့ အလွန်ကောင်းတယ်) အားလုံးကို နှံ့အောင်နယ်ပြီး ကော်ပြန့်ဖတ်ထဲမှာ   အာလူး တ ဇွန်း ထည့်.. Slice cheese တချပ်ကို လေးစိ ပ်စိတ်ထားတာ တစိတ်ထည့်.. ကော်ပြန့်ဖတ်နဲ့  လေးဒေါင့်လေးတွေဖြစ်အောင်ထုပ်... လေးဒေါင့်လေး တွေထုပ်တာက ရိုးရိုး ကော်ပြန့်လိပ်နဲ့  ကွဲစေချင်လို့ပါ... နောက်ဆီများများထဲမှာ ကြော်.... ပူပူလေး ရှိတုန်းမှာ ကော်ဖီလေးနဲ့ မိသားစုအတွက် မနက်ခင်းစာ စီစဉ်ခဲ့ပါတယ်... အာလူး အလုံးကြီး ၂လုံး၊ ကော်ပြန့် အရွက် ၁၂ခု၊ Slice cheese ၃ခုသုံးထားပါတယ်.....

(တီညိုစတိုင်)

Comments

Popular posts from this blog

သက်သတ်လွတ်မုန့်ဟင်းခါး

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

ပဲခြမ်းကြော်သုပ်