ကန်စွန်းရွက်ကြော်


ပါဝင်သော ပစ္စည်းများ

ကန်စွန်းရွက်(အနေတော်)-၂ စည်း
ဆီ-၅ ကျပ်သား
ကြက်သွန်ဖြူ၊ (ဥကြီး)-၅ မွှာ
ဆား၊ သကြား -အနည်းငယ်စီ
ငရုပ်ပွတောင့်-၂ တောင့်

ပြင်ဆင်ပုံ

၁။ ကန်စွန်းရွက် အရိုးအရင်းများကိုဖယ်ပြီး အခက်လိုက် ..ရေဆေးပါ။ ရေဆေးပြီး အရွက်ချွေပါ၊ အရိုးများကိုတစ်လက်မခန့်လှီးဖြတ်ပြီး ထက်ခြမ်းခွဲထား။
၂။ ငရုပ်ပွတောင့် (အခြောက်)ကို (ဝါ) (ငရုတ်သီးစိမ်းတောင့်) ဓားပြားရိုက်၍ ဆီသက်ထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ဆီဒယ်အိုးတည်၊ ဆီကျက်လျှင် ငရုတ်သီးတောင့်ထည့် ကြော်၊ ကြွပ်လျှင် ဆယ်ထားပါ။ ထိုအိုးထဲသို့ ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်ပြီး တစ်ချက်နှစ်ချက်မွှေပြီး ကန်စွန်းရိုးကို အရင်ထည့်ပါ။ ခဏနေမှ အရွက်ရင့်များထည့်ပြီး ဆား၊ သကြားတို့ကို ထည့်၍ မွှေပါ။ ၁ မိနစ်ခန့် အဖုံးအုပ်ထားပါ။ ပြီးလျှင် ငရုပ်သီး ဆီသတ်ထားပြီးသားကိုထည့်ပါ။ နှံ့စပ်အောင် မွှေပြီး မီးဖိုပေါ်မှချကာ သုံးဆောင်ပါ။ မီးပြင်းပြင်းနှင့်ကြော်မှ ကန်စွန်းရွက် အစိမ်းရောင်မပျောက်ဘဲ လှပမည်။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်