ခရမ်းကြွပ်သီးအစာသွတ်ကြော်

ပါဝင်သော ပစ္စည်းများ
ခရမ်းကြွပ်သီးကြီးကြီး ၂ လုံး
ကြက်သွန်နီ၂ လုံး
ကြက်သွန်ဖြူ ၂ မြွှာ
ပဲပြား တစ်တုံး၏တစ်ဝက်
ငရုတ်သီးစိမ်း၁ တောင့်
မုန့်ကြွပ်မုန့် စားပွဲဇွန်း၂ ဇွန်း
ကော်မှုန့် စားပွဲဇွန်း ၁ ဇွန်း
ငရုတ်ကောင်း
သကြား၊ ဆား နည်းနည်းစီ
ဆီ၂ ကျပ်ခွဲသား
ပြင်ဆင်ပုံ
၁။ ခရမ်းကြွပ်သီး အလုံးလိုက်ရေဆေး၊ ထိပ်မှ အညှာထိထက်ခြမ်း ညီညီခြမ်း၊ အခါးအရသာကုန်အောင် ရေစိမ် ထားပါ။ သတ္ထု အိုးတွင် အခြမ်းများမှောက်ပြီး မြုပ်ရုံထည့်၊မီးရှိန်ကောင်းကောင်းဖြင့် ဆူအောင်တည်ပြီး ၁၀ မိနစ်ခန့်ကြာလျှင် ဆန်ခါပေါ် ပုံမပျက်အောင်ဆယ်တင်ပြီး ရေစစ်၊ ရေစစ်လျှင် ခရမ်းကြွပ်သီးဘေးသား နည်းနည်းချန်ပြီး အလယ်သားကို ကြွေရည်သုတ်ဇွန်းဖြင့် သေသေသပ်သပ် ကော်ယူထားပါ။
၂။ ကော်ရည် မပျစ်မကျဲ ဖျော်ထားပါ။
၃။ ပဲပြား မထူမပါးလှီး၊ သေးသေးနုတ်နုတ်ဖြစ်အောင်လှီးပါ။
၄။ ကြက်သွန်ဖြူနီကို နုတ်နုတ်စဉ်း၊ ငရုတ်သီးစိမ်း ပါးပါးလှီးပါ။
ပြုလုပ်နည်းအဆင့်ဆင့်
ဒယ်အိုးတွင် ဆီကျက်လျှင် ကြက်သွန်နီ/ဖြူ ထည့်မွှေး ခေတ္တမွှေပြီး ပဲပြားထည့်၊ ပဲပြားအပေါ်ကြောတင်းလျှင် ခရမ်းကြွပ်သီး အသားထည့်ပြီးမွှေ၊ ကော်ရည်ထည့်၊ သကြား၊ ငရုတ်ကောင်း၊ ဆား၊ ငရုတ်သီးစိမ်းထည့်ပြီး အအေးခံထားပါ။
အေးလျှင် ခရမ်းကြွပ်သီး အခွံခွက်ထဲသို့ အစာထည့်၊ ဇွန်းဖင်ဖြင့်နှုတ်ခမ်းသားများညီအောင်ညှိ၊ခရမ်းကြွပ်သီးမျက်နှာပြင် ကို မပျစ်မကျဲဖျော်ထားသော ကော်ရည်ဖြင့်သုတ်ပြီး မုန့်ကြွပ် မှုန့်ဖြူးပါ။ မျက်နှာပြင်ကို ဓားအပါးဖြင့် ဖော့ဖော့ရိုက်ပေးရ ပါမည်။
ဒယ်အိုးပြားထဲ ဆီ ၁ ဇွန်းထည့်၊ ဆီကျက်လျှင် ခရမ်းကြွပ်သီးခြမ်းကို မှောက်ထည့်၊ မျက်နှာပြင် နီရောင်သန်း လာအောင်ကြော်ပါ။ မီးအေးအေးဖြင့် တစ်ကြိမ်လျှင် တစ်ခြမ်း သာကြော်ပါ။
Comments
Post a Comment