သီးစုံအစိမ်းကြော်


ပါဝင်သော ပစ္စည်းများ

ဂေါ်ရခါးသီး ၁ လုံး
ဂေါ်ဖီပန်းပွင့် တစ်ဝက်
ဥဝါ ၁ ဥ
ရွှေပဲသီး ၁၀ဥ
ဆီကျက်၅ ကျပ်သား
မြေပဲ ၅ကျပ်သား
ကြက်သွန်နီ ၁ ဥ
ကြက်သွန်ဖြူ ၃မြွှာ

ပြင်ဆင်ပုံ

၁။ မြေပဲရေဆူစိမ်ပြီး အခွံနွှာ၍ နူးရုံပြုတ်ပါ။
၂။ ဂေါ်ရခါးသီး၊ ဥဝါတို့ကို အံစာတုံးပုံ လှီးထားပါ။ ပန်းပွင့်အနေတော်လှီး ရွှေပဲသီးကို ထက်ဝက်ပိုင်းထား။ ဥဝါနှင့်ဂေါ်ရခါးသီးကို ရေဆူတွင်ထည့်ပြီး ဆယ်၍ သန်ခါနှင့်စစ် ထားပါ။
၃။ တရုတ်ကြက်သွန်မြိတ်၊ နံနံပင် အရိုးကို အနေတော်လှီးထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ဒယ်အိုးဆီကျက်လျှင် ကြက်သွန်ဖြူ/နီ ဆီသတ်၊ ဂေါ်ရခါးသီး၊ ဥဝါထည့် သမအောင်မွှေး၊ ဂေါ်ဖီပန်းထည့်၊သကြား ဆားထည့်ပြီး သမအောင်မွှေ၊ ငရုတ်သီးထည့်၊ မြေပဲပြုတ်ထည့် သမအောင် အသာအယာမွှေပြီး ဖိုမှချပါ။ ကြိုက်လျှင် ကော်ရည် ကျဲကျဲဖျော်လောင်းထည့်၊ ကျက်လျှင် ချပြီးသုံးဆောင်ပါ။ မြေပဲ ပြုတ်ရည် ထည့်ချက်ပါ။


Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်