မှိုနှပ်ချက်


ပါဝင်သော ပစ္စည်းများ

မှို ၁၀ ကျပ်သား
ကြက်သွန်နီ ၂လုံး
ကြက်သွန်ဖြူ ၁ဥ
ငရုတ်သီးစိမ်း ၆တောင့်
ငရုတ်သီးအစိမ်းမှုန့် အနည်းငယ်
ဆီ ၅ ကျပ်သား

ပြင်ဆင်ပုံ

၁။ မှိုကို ရေစင်အောင်ဆေးပြီး အနေတော် လှီးဖြတ်ပါ။
၂။ ကြက်သွန်ဖြူ နီ ငရုတ်သီးစိမ်းမှုန့် ရောထောင်းပါ။
၃။ ငရုတ်သီးစိမ်းတောင့်များကို ထက်ခြမ်းခြမ်းပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ဆီချက်အိုးကျက်လျှင် ငရုတ်နှစ်များထည့် ဆီသတ်ပါ။ ထို့နောက် မှိုများထည့်ပါ။ မွှေပေးပြီး ဟင်းခတ်မှုန့်၊ ငရုတ်သီး စိမ်းနှင့် ရေအနည်းငယ်ရော၍ အဖုံးအုပ်ထားပါ။ နူးလျှင် အပေါ့အငန် သင့်အောင်လုပ်ပြီး သုံးဆောင်နိုင်ပါသည်။

Comments

Popular posts from this blog

သက်သတ်လွတ်မုန့်ဟင်းခါး

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

ပဲခြမ်းကြော်သုပ်