ပဲပြားအစာသိပ်ကြော်


ပါဝင်သော ပစ္စည်းများ

ပဲပြား ၁တုံး
ကြက်သွန်နီ ၁ လုံး
ကြက်သွန်ဖြူ ၁ မြွှာ
ဥဝါ ၁ လက်မခန့်
ဗိုလ်စားပဲ ၂ တောင့်

ပြင်ဆင်ပုံ

၁။ ပဲပြားကို ထောင့်တန်းလှီးထား။ အတွင်းသားကို ဇွန်းဖြင့် ကော်ထား။
၂။ ပဲပြားအတွင်းသားများကို ကြေအောင်ချေထားပါ။
၃။ ဥဝါ၊ ဗိုလ်စားပဲ၊ ကြက်သွန်နီ/ဖြူ ချင်းတို့ကို သေးသေးနုတ်နုတ် စဉ်းထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ဆီ စတီးဇွန်းတစ်ဝက်ခန့်ကို ကျက်အောင်ချက်၊ ဆီ ကျက်လျှင် လှီးထားသော အစာများကိုကြော်ပါ။ အေးလျှင် ပဲပြားတွင် အစာသိပ်၊ အပေါ်ယံကို ကော်မှုန့်ဖြူးပြီးလိမ်းပေးပါ။ သို့မဟုတ်က ကော်မှုန့်ကို ရေပျစ်ပျစ်ဖျော်ပြီး ဆမ်းပေး။ ဆီများများဖြင့် အစာသိပ်ထားသော ပဲပြားကိုကြော်ပြီး ချဉ်ငန်စပ် ဖြင့် တို့စားပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်