ပဲခြမ်းကြော်သုပ်


ပါဝင်သော ပစ္စည်းများ

ပဲခြမ်းကြော် (အထုပ်လတ်) ၁ ထုပ်
ကြက်သွန်နီ ၃ လုံး
ဆီ ၅ ကျပ်သား
ခရမ်းချဉ်သီး ၁ လုံး
ငရုတ်သီးစိမ်း ၅ တောင့်
သံပရာသီး ၁လုံး

ပြင်ဆင်ပုံ

၁။ ကြက်သွန်နီ ၃ လုံးကို ပါးပါးလှီးပြီး ရေစင်အောင်ဆေး ထားပါ။
၂။ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ပဲခြမ်းကြော်ထဲသို့ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ခရမ်း ချဉ်သီး၊ ဆီ၊ ဆား၊ မဆလာ၊ ဟင်းခတ်မှုန့်ရောထည့် နယ်သုပ် ပါ။ ပဲခြမ်းကြော်သုပ်ထဲသို့ သံပရာသီးအရည်ညှစ်ထည့်ပါ။

Comments

Popular posts from this blog

ပြောင်းဖူးကြော်

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´