တို့ဟူးသုပ်


ပါဝင်သော ပစ္စည်းများ

တို့ဟူး ၂၀ ကျပ်သား
ကြက်သွန်နီ ၃ လုံး
ကြက်သွန်ဖြူ ၁ ဥ
မန်ကျည်းသီး လက်တစ်ဆုပ်
ရှောက်ရွက် ၁ စည်း
ပဲမှုန့်(အကျက်) စတီးဇွန်း ၁ ဇွန်း
ငရုတ်သီးမှုန့်၊ဟင်းခတ်မှုန့် အနည်းငယ်ဆီ

ပြင်ဆင်ပုံ

၁။ တို့ဟူးကို ပါးပါးလှီးထားပါ။
၂။ ကြက်သွန်ဖြူ နီကို ဆီကျက်လုပ်ထားပါ။
၃။ ရှောက်ရွက်နုကို ပါးပါးလှီးထား၊ မန်ကျည်းရည် ဖျော်ထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

လှီးပြီးသား တို့ဟူးထဲသို့ မန်ကျည်းရည်၊ ဟင်းခတ် ၍ မှုန့်၊ ပဲမှုန့်၊ ဆီချက်ထည့်ပြီးသုပ်ပါ။ အစပ်ကြိုက်လျှင် ငရုတ်သီး မှုန့်ထည့်၍ သုံးဆောင်ပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

မျှစ် အစပ်ကြော်