ပိန်းဥဆီပြန်


ပါဝင်သော ပစ္စည်းများ

ပိန်းဥ ၆လုံး
ကြက်သွန်နီ ၂ လုံး
ကြက်သွန်ဖြူ ၁ ဥ
ငရုတ်သီးစိမ်းမှုန့် ၁ဇွန်း
ဆီ ၅ ကျပ်သား

ပြင်ဆင်ပုံ

၁။ ပိန်းဥကိုပြုတ်၍ အခွံနွှာပြီး ရေစင်စင်ဆေးပါ။
၂။ ငရုတ်သီးအစိမ်းမှုန့်၊ ကြက်သွန်ဖြူ/နီတို့ကိုထောင်းပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ဆီကျက်ထဲသို့ ငရုတ်နှစ်ထည့်၍ ဆီသတ်ပါ။ ပြီးလျှင် ပိန်းဥထည့်မွှေပါ။ ဆား၊ ဟင်းခတ်မှုန့်၊ ရေအနည်းငယ်ထည့် ပြီး အဖုံးအုပ်ပါ။ ဆီပြန်လျှင် သုံးဆောင်နိုင်ပါသည်။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်