ရှမ်းပဲပုတ်နှင့် မြေပဲအစပ်ကြော်


ပါဝင်သော ပစ္စည်းများ

ရှမ်းပဲပုပ်ခြောက် ၁၀ ကျပ်သား
မြေပဲလှော် (အခွံချွတ်ပြီး) ၅ ကျပ်သား
ကြက်သွန်ဖြူ ၅ ကျပ်သား
ငရုတ်သီးပွခြောက် ၅ တောင့်
ဆီ ၁၀ ကျပ်သား

ပြင်ဆင်ပုံ

၁။ ရှမ်းပဲပုပ်ခြောက်များကို ကတ်ကြေးဖြင့် အချောင်းကလေများဖြစ်အောင်ညှပ်ပြီး ဆီချက်အိုးထဲထည့်ပြီး ကြွပ်အောင်ကြော်ပါ။ ကြွပ်လာလျှင် ဆယ်၍ဆီစစ်ထားပါ။
၂။ အခွံချွတ်ထားသော မြေပဲလှော်ကို မညက်တညက်ထောင်ပါ။
၃။ ငရုတ်သီးပွခြောက်နှင့် ကြက်သွန်ဖြူတို့ကိုရေး၍ ညက်အောင်ထောင်းထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ငရုတ်နှင့်ကြက်သွန်ဖြူထောင်းကို ဆီသတ်၊ ကြွပ်လာ လျှင် ထောင်းထားသော မြေပဲကိုထည့်ပါ။ ဆားသင့်အောင် ထည့်ပြီး သမအောင်မွှေပါ။ ၎င်းနောက် ဒယ်အိုးကို မီးဖိုပေါ်မှ ချ၍ ဆီစစ်ထားသော ပဲပုပ်ချောင်းကြော်ကိုထည့်ပြီး သမအောင် မွှေပေးပါ။ ထိုအခါ အရသာထူးကဲသော ရှမ်းပဲပုပ် အစပ်ကြော် ဟင်းတစ်ခွက် ရရှိပါမည်။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်