ရွှေဖရုံသီးဆီပြန်


ပါဝင်သော ပစ္စည်းများ

ရွှေဖရုံသီး တစ်ခြမ်း
ကြက်သွန်နီ၂ လုံး
ကြက်သွန်ဖြူ ၂ ကျပ်ခွဲသား
ငရုတ်သီးပွခြောက် ၅ တောင့်
ဆီ၁၀ ကျပ်သား
ချင်းလက် ၂ ဆစ်ခန့်

ပြင်ဆင်ပုံ

၁။ ရွှေဖရုံသီး အခွံသင်၍လည်းကောင်း၊ မသင်ဘဲသော်လည်းကောင်း ရေဆေး၍ သင့်တော်သော အရွယ်များတုံးထားပါ။
၂။ ငရုတ်သီးပွခြောက်၊ ကြက်သွန်ဖြူ၊ နီ၊ ချင်းတို့ကိုရော၍ထောင်းပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ဆီကျက်အိုးထဲသို့ ရော၍ထောင်းထားသော ငရုတ်သီးပွ ခြောက်၊ ကြက်သွန်ဖြူ နီ၊ ချင်းတို့ကို ဆီသတ်ပါ။ ပြီးလျှင် ရွှေဖရုံသီးအတုံးများကို ထည့်၍ချက်ပါ။ ဆီပြန်လာအောင် လုံးချက်,ချက်ပါ။

Comments

Popular posts from this blog

သက်သတ်လွတ်မုန့်ဟင်းခါး

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

ပဲခြမ်းကြော်သုပ်