ပုန်းရည်နှင့်မှိုဟင်း


ပါဝင်သော ပစ္စည်းများ

ပုန်းရည်
ခရမ်းချဉ်သီး
ကြက်သွန်နီ/ဖြူ
ဆီ၊ ဆား

ပြင်ဆင်ပုံ

၁။ ကြက်သွန်နီပါးပါးလှီး၍ ဆီသတ်ပါ။
၂။ ကြက်သွန်ဖြူထောင်းထားပါ။
၃။ မှိုရေဆေး လှီးပြီး နနွင်း၊ ဆားတို့နှင့်ရောနယ်ပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်သွန်နီ ဆီသတ်အိုးထဲသို့ ကြက်သွန်ဖြူထည့်၊ မွှေးလာလျှင် ခရမ်းချဉ်သီးထည့်။ အတန်ကြာလျှင် မှိုလှီးပြီး ဆားနယ်ထားသောအရာကိုထည့်။ ထို့နောက် ပုန်းရည်ကို မှိုနှင့် သင့်အောင် ခန့်မှန်း၍ထည့်၊ ဆီပြန်ချက်ပါ။ ကြက်သွန်နီများများထည့်ပေးပါ။ ကောက်ရိုးမှိုသုံးလျှင် အဖူးကိုချက်ပါ။ မှိုအုန်းနက်ဖြစ်လျှင် အဖူးကိုဖြစ်စေ၊ အပွင့်ကိုဖြစ်စေ ချက်ပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်