ငှက်ပျောဖူးသုပ်


ပါဝင်သော ပစ္စည်းများ

ငှက်ပျောဖူး ၁ ဖူး
ကြက်သွန်နီ၄ လုံး
ကြက်သွန်ဖြူ ၂ ဥ
ပဲမှုန့် စတီးဇွန်း ၁ ဇွန်း
ငရုတ်သီးမှုန့် အနည်းငယ်
မန်ကျည်းသီး လက်တစ်ဆုပ်
ဆီ ၅ ကျပ်သား

ပြင်ဆင်ပုံ

၁။ ငှက်ပျောဖူး အရင့်ဖတ်များကိုပြုတ်ပါ။ ပြီးပါက အနုဖတ်ကလေးများကို ပါးပါးလှီးထားပါ။
၂။ ကြက်သွန်နီ ၂ လုံးကို ပါးပါးလှီးထားပါ။ ကျန်သည် ကြက်သွန်နီ ၂ လုံးကိုလှီးပြီး ကြက်သွန်ဖြူနှင့်ရောဆီသတ်ပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ငှက်ပျောဖူးလှီးထားသည့်အထဲသို့ ဆီကျက်၊ ကြက်သွန်နီ၊ ပဲမှုန့်၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးမှုန့်၊ မန်ကျည်းရည်တို့ကို ထည့်၍ရောနယ်ပါ။

Comments

Popular posts from this blog

တို့ဟူးသုပ်

ပဲခြမ်းကြော်သုပ်

ပဲ ကြော် (သို့) ပဲကပ် ကြော်