ကိုက်လန်နှင့် ​ဂေါ်ဖီပန်းကြော်


ပါဝင်သော ပစ္စည်းများ

ဂေါ်ဖီပန်းပွင့် အပွင့်၏တစ်ဝက်
ကိုက်လံ အပင်ကြီးတစ်ပင်
ကြက်သွန်ဖြူ ၄မွှာ
သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီ စတီးဇွန်း ၁ဇွန်း
ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြင်ဆင်ပုံ

၁။ ကိုက်လံကို ရေဆေး၊ အရိုးမှအမျှင်ကြမ်းများခွာပြီး အရွက်၊ အရိုးတို့ကို အနေတော်လှီးထားပါ။
၂။ ပန်းဂေါ်ဖီကို တစ်ဝက်စီဖြတ်ပြီး ရေစင်စင်ဆေးကာ အနေတော် လှီးပါ။
၃။ ကြက်သွန်ဖြူ၊ ဓားပြားရိုက်ထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ဒယ်အိုးထဲ ဆီထည့်၍ ဆီကျက်လျှင် ကြက်သွန်ဖြူ ဆီသတ်ပြီး ကိုက်လံ၊ ဂေါ်ဖီပန်း၊ သကြားနှင့် ဆားဖြူးထည့်ကာ သမအောင် ပြန်မွှေပါ။ လိုအပ်လျှင် ရေတစ်ဇွန်းလောက်ဆမ်း ပါ။ ဆီပြန်လာလျှင်  ပူပူနွေးနွေး စားပါ။

Comments

Popular posts from this blog

သက်သတ်လွတ်မုန့်ဟင်းခါး

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

ပဲခြမ်းကြော်သုပ်