ကန်စွန်းရွက်နဲ့ဘူးသီးကြော်
ပါဝင်သောပစ္စည်းများ
ကန်စွန်းရွက်
ဘူးသီးနုနု
ခရမ်းချဉ်သီး
ကြက်သွန်ဖြူ/နီ
ပဲငံပြာရည်၊ ဆား
ပြင်ဆင်ပုံ
၁။ ကန်စွန်းရွက်နုနုကို ရေစင်အောင်ဆေးပါ။
၂။ ဘူးသီးနုနုကို တောက်တောက်စဉ်းပါ။
၃။ ကြက်သွန်ဖြူ နီကိုဆီသတ်၍ ခရမ်းချဉ်သီးများများနှင့် ကြော်ပါ။
ပြုလုပ်နည်းအဆင့်ဆင့်
ကြက်သွန်ဖြူနီ ဆီသတ်ပြီး ခရမ်းချဉ်သီးများများနှင့် ကြော်ထားသည့် အိုးထဲသို့ ကန်စွန်းရွက်၊ ဘူးသီးတို့ကိုထည့်ပါ။ ဟင်းသီးဟင်းရွက်များနပ်ပြီး ရေစပ်စပ်ထွက်လာပါက ပဲငံပြာ ရည်နှင့် ဆားအနည်းငယ် ထည့်ပါ။ ကျက်လျှင် သုံးဆောင်လို့ရ ပါသည်။ ကောက်ရိုးမှိုရပါက ရော၍ချက်လျှင် ပို၍အရသာ ရှိပါသည်။
Comments
Post a Comment