ပေါက်ပန်းဖြူရွက်သုပ်


ပါဝင်သော ပစ္စည်းများ

ပေါက်ပန်းဖြူရွက်နုနု ၅ ခက်
ကြက်သွန်ဖြူ ၁ ဥ
ကြက်သွန်နီ ၃ လုံး
မြေပဲလှော်၂ ကျပ်ခွဲသား
ဆီ ၅ ကျပ်သား
သံပုရာသီး ၁ လုံး

ပြင်ဆင်ပုံ

၁။ ပေါက်ပန်းဖြူရွက်ကိုပြုတ်ပါ။ နူးလျှင် အရွက်များကိုပါးပါးလှီးပါ။
၂။ ကြက်သွန်ဖြူနှင့် ကြက်သွန်နီ တစ်လုံးကို ပါးပါးလှီး ဆီချက်ပါ။
၃။ မြေပဲကို မညက်တညက်ထောင်းပါ။

ပြုလုပ်နည်းအဆင့်ဆင့်

လှီးထားသော ပေါက်ပန်းဖြူရွက်ထဲသို့ ကြက်သွန်နီ၊ဆီကျက်၊ မြေပဲထောင်း၊ နှမ်း၊ ဟင်းခတ်မှုန့်၊ ဆားအနည်းငယ် ထည့်ပြီး ရောနယ်၍သုပ်ပါ။ သံသရာသီးညှစ်ထည့်ပါ။ အစပ်ကြိုက်က ငရုတ်သီးစိမ်း ပါးပါးလှီးထည့်ပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်