မျှစ်ဖူးနှပ်ချက်

ပါဝင်သော ပစ္စည်းများ
မျှစ်နုနုပြုတ်ပြီးအချောင်း ၂၅ ကျပ်သား
ငရုတ်ခြောက်အပွ ၅ တောင့်
ကြက်သွန်ဖြူ/နီ ဖြူ ၃-ဥ နီ ၃-ဥ
သကြား၊ ဆား သင့်ရုံ
ဆီ ၅ ကျပ်သား
နနွင်း သင့်ရုံ
ပြင်ဆင်ပုံ
၁။ မျှစ်ပြုတ်ကို အဖူးလိုက် ပုံမပျက်အောင်ခြစ်၊ ထပ်ပြုတ်ပြီးရေစစ်ထားပါ။
၂။ ကြက်သွန်ဖြူနီ ငရုတ်ပွထောင်းပါ။
ပြုလုပ်နည်းအဆင့်ဆင့်
အိုးထဲတွင် ကြက်သွန်ဖြူ နီ၊ ငရုပ်ပွထောင်းပြီးသော ထည့်၊ နနွင်း၊ ဆား၊ သကြား သင့်ရုံထည့်၍ မျှစ်ဖူးများ ပုံပျက်ခြင်းမရှိအောင် လက်နှင့်ဖွဖွနယ်ပါ။ ရေမြှပ်ရုံထည့်ချက်ပါ။ မနူးသေးလျှင် ဆူပြီးသောရေကိုထည့်ပါ။ ဆီပြန် သို့မဟုတ် ဆီပြန်ရေကျန်ချပြီး သုံးဆောင်ပါ။ ပင်စိမ်းအုပ်ပြီးလည်း စား နိုင်ပါသည်။ မျှစ်အဖူးများ ပုံမပျက်အောင် ဟင်းအိုးကိုလှုပ်၍ ချက်ပါ။
Comments
Post a Comment