အာလူးပူရီဟင်း

ပါဝင်သောပစ္စည်းများ
အာလူး၂၅ ကျပ်သား
ကြက်သွန်နီ ၂ဥ
ကြက်သွန်ဖြူ၂ မြွှာ
ထန်းလျက်၁ လုံး
မန်ကျည်းသီးအနှစ် ၃ ကျပ်ခွဲသား
ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
မဆလာကောင်းကောင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပျဉ်းတော်သိမ် ၂ ခက်
ဆီ၂ ကျပ်ခွဲသား
ပြင်ဆင်ပုံ
၁။ အာလူးအခွံနွှာ သင့်အောင်တုံးပြီး ရေစိမ်ထားပါ။
၂။ မန်ကျည်းသီး ရေဆေးပြီး ရေဆူဆူဖြင့်ပွအောင်စိမ်ထားပါ။
၃။ ကြက်သွန်ဖြူ နီတို့ကို ထောင်းထားပါ။
ပြုလုပ်နည်းအဆင့်ဆင့်
ကြက်သွန်ဖြူ နီတို့ကို ဆီသတ်ပါ။ နနွင်း၊ ပျဉ်းတော် သိမ်ရွက်၊ ဇီရာမှုန့်တစ်ဝက်ထည့်ပါ။ ပြီးလျှင် သမအောင်မွှေ၊ အာလူးထည့်ဖုံးထားပါ။ ရေခန်းစပြုလျှင် ဆူပြီးသောရေ လက် ဖက်ရည် တစ်ပန်းကန်စာခန့်ထည့်၊ ထန်းလျက်ထည့်ပြီး အဖုံး ဖုံးကာ အာလူးနူးသည့်တိုင်အောင် ရေလိုပါက ရေဆူထပ်ထည့်ရ ပါမည်။ အာလူးနူးလျှင် မန်ကျည်းသင့်ရုံ၊ ဆား၊ မဆလာ၊ ဇီရာမှုန့် ကျန်တစ်ဝက်ဖြူး၍ အဖုံးဖုံးထားပြီး မီးဖိုပေါ်မှချပါ။ ဟင်းမှာ ခပ်သွက်သွက် မပျစ်မကျဲဖြစ်ပြီး အဝါဖျော့ရောင် ဖြစ်ရပါမည်။
Comments
Post a Comment