ပဲပြား၊ ကြံမဆိုင်ကြော်


ပါဝင်သော ပစ္စည်းများ

ကြံမဆိုင်၅ ပင်
ပဲပြားတုံး ၁ တုံးခွဲ
ဆီ ၅ ကျပ်သား
ကြက်သွန်ဖြူ ၆မွှာ
ချင်း ၃လွှာ

ပြင်ဆင်ပုံ

၁။ ကြံမဆိုင်ကို အပင်လိုက်ရေဆေးပါ။ ပြီးလျှင် တစ်ရိုးစီဖဲ့၍သေးသေးလှီးထားပါ။
၂။ ပဲပြားတုံးကို ရေဆေးပြီး သေးသေးလှီးပါ။
၃။ ကြက်သွန်ဖြူ ဓားပြားရိုက်၊ ချင်းကိုရေဆေးပြီး သေးသေးလှီးပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ဆီကျက်အိုးထဲသို့ ပဲပြားထည့်၊ တစ်ဖက်ကျက်မှ တစ် ဖက်လှန်ပေးပြီး ကျက်လျှင်ဆယ်ထားပါ။ ဒယ်အိုးထဲသို့ ဆီတစ် ဝက်ခန့်ချန်ပြီး ချင်းဆီသတ်၊ ကြွပ်လာလျှင် ကြက်သွန်ဖြူထည့်၊ နွမ်းလာလျှင် ကြံမဆိုင်ထည့်ကြော်၊ ဆီပြန်လာလျှင် ကြော်ထားသော ပဲပြားတုံးကလေးများထည့်ပါ။ ထို့နောက် ဟင်းချိုရည် တစ်ဇွန်းဆမ်းထည့်ပြီး သမအောင်မွှေ၊ ခေတ္တအုပ်ထားပါ။ အပေါ့အငန်သင့်အောင်လုပ်ပြီး မီးဖိုမှချကာ သုံးဆောင်ပါ။

Comments

Popular posts from this blog

တို့ဟူးသုပ်

ပဲခြမ်းကြော်သုပ်

ပဲ ကြော် (သို့) ပဲကပ် ကြော်