ကျောက်ဖရုံသီးဟင်းချို

ပါဝင်သော ပစ္စည်းများ
ပဲနီ
ကျောက်ဖရုံသီး
ကြက်သွန်ဖြူ
ပဲငံပြာရည်
ပြင်ဆင်ပုံ
၁။ ပဲနီကို ပွက်ပွက်ဆူအောင်ကျို၍ ပဲဖတ်ကိုစစ်ယူပါ။
၂။ ကျောက်ဖရုံသီးကို သင့်အောင်တုံးထားပါ။
၃။ ကြက်သွန်ဖြူ၊ ၁လုံး၊ (ဝါ) ၂ လုံးခန့် ဓားပြားရိုက်ထားပါ။
ပြုလုပ်နည်းအဆင့်ဆင့်
ရေကို မီးဖိုပေါ်မှာတည်ပြီး ပဲငါးပိထောင်းထည့်ပါ။ ထို့နောက် ကျောက်ဖရုံသီး အတုံးကလေးများထည့်ပါ။ နူးလျှင် ဓားပြားရိုက်ထားသော ကြက်သွန်ဖြူထည့်ပါ။ ဆား၊ ပဲငံပြာ ရည်တို့ သင့်အောင်ထည့်ပြီး သုံးဆောင်ပါ။
Comments
Post a Comment