ဘူးသီးကြော်သုပ်


ပါဝင်သော ပစ္စည်းများ

ဘူးသီးကြော် ၁၀ခု
ဂေါ်ဖီထုပ် ၁ခြမ်း
ကြက်သွန်နီ၅လုံး
မန်ကျည်းသီး လက်တစ်ဆုပ်
ငရုတ်သီးစိမ်း၁၀တောင့်
ဆလတ်ရွက် အနည်းငယ်

ပြင်ဆင်ပုံ

၁။ ဘူးသီးကြော်ကို ကတ်ကြေးဖြင့် အနေတော်ညှပ်ပါ။
၂။ ဂေါ်ဖီထုပ်၊ ကြက်သွန်နီတို့ကို ပါးပါးလှီးပါ။
၃။ မန်ကျည်းရည်ဖျော်ထားပါ။
၄။ ငရုတ်သီးစိမ်းများကို ပါးပါးလှီးထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ညှပ်ထားသော ဘူးသီးကြော်ပန်းကန်ထဲသို့ ဂေါ်ဖီထုပ်၊ ကြက်သွန်နီထည့်ပါ။ မန်ကျည်းရည်၊ ငရုတ်သီးစိမ်း ပါးပါးလှီး ပြီးသားထည့်။ အားလုံးထည့်ပြီး သမအောင်မွှေနယ်ပြီး သုံး ဆောင်ပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

ပြောင်းဖူးကြော်

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´