ပဲတီချဉ်ကြော်


ပါဝင်သော ပစ္စည်းများ

ပဲတီချဉ်
ပဲငံပြာရည်
ငရုတ်သီးခြောက်
ချင်း၊ နနွင်း
ငရုတ်သီးစိမ်းတောင့်
ဆလတ်ရွက်

ပြင်ဆင်ပုံ

၁။ ကြက်သွန်ဖြူ/နီ၊ ချင်း၊ ငရုတ်သီးခြောက်တို့ကို ပါးပါးလှီးပြီးကြော်ပါ။ နီရောင်လာလျှင် ပဲတီချဉ်ထည့်ပါ။
၂။ ငရုတ်သီးစိမ်းတောင့်ကို ခြမ်းထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးခြောက်ကြော်ထဲသို့ ပဲတီချဉ် ထည့်ပြီး ဆား၊ ပဲငံပြာရည်၊ နနွင်းတို့ထည့်၍ ကောင်းစွာမွှေ ပါ။ ငရုတ်သီးစိမ်းတောင့်ခြမ်းများထည့်ပါ။ ရေအနည်းငယ် ထည့်၊ ကျက်လျှင် ဆလတ်ရွက် ပါးပါးလှီးထည့်ပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်