ကင်ပွန်းချဉ်ရွက်ကြော်


ပါဝင်သော ပစ္စည်းများ

ကင်းပွန်းချဉ်ရွက် ၃ စည်း
ကြက်သွန်နီ ၂ ဥ
ကြက်သွန်ဖြူ ၅ မြွှာ
ဆီ ၂ ကျပ်ခွဲသား
ထန်းလျက် ၁လုံး
မြေပဲမှုန့် ၂ ဇွန်း
အရောင်တင်မှုန့် ၁ ဇွန်း
နနွင်း အနည်းငယ်

ပြင်ဆင်ပုံ

၁။ ကင်ပွန်းချဉ်ရွက် ရေဆေးပြီး ချွေထားပါ။ မိုးမျှော်ငရုတ်သီးလေးတောင့်ကို ပိုင်းချိုးထားပါ။
၂။ ကြက်သွန်နီ ၁ ဥ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ထန်းလျက် တို့ကို ညက်အောင်ထောင်းပါ။ ကျန် ကြက်သွန်နီတစ်ဥ ကို ခပ်ကြမ်းကြမ်းလှီးပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ဆီကျက်အိုးထဲသို့ ထောင်းထားသော အမွှေးအကြိုင်ထည့်၊ နနွင်းထည့် မွှေးလာအောင်ကြော်။ မြေပဲဆန်ထည့်၊သမအောင်မွှေပြီး၁မိနစ်ခန့်ကြော်ပါ။ဆားထည့်ပါ။သမအောင်မွှေပြီးကင်ပွန်းချဉ်ရွက်ထည့် သမအောင်မွှေပြီးကြော်။ ၂ မိနစ်ခန့်ကြာလျှင် ကြက်သွန်နီ၊ ငရုတ်မိုးမျှော်အုပ်၍ သမ အောင်မွှေပြီး ဖိုပေါ်မှချပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်