ပန်သေးခေါက်ဆွဲဟင်း


ပါဝင်သော ပစ္စည်းများ

ကုလားပဲခြမ်း
အုန်းနို့
ငရုတ်သီးခြောက်
ဖာလာစေ့၊သစ်ကြံပိုးခေါက်
ကြက်သွန်နီ
ပဲငံပြာရည်၊တရုတ်ပဲဝါ
ကရဝေးရွက်၊ ငရုတ်ကောင်း

ပြင်ဆင်ပုံ

၁။ ကုလားပဲခြမ်းကို နူးအောင်ပြုတ်ပြီးထောင်း။ အုန်းနို့ထည့် ပြီးထောင်းပဲနှင့်ရော၍ဆီသတ်ပါ။
၂။ ငရုတ်သီး ညက်ညက်ထောင်းပါ။
၃။ ဖာလာ၊ သစ်ကြံပိုးခေါက်တို့ကို သင့်ရုံထောင်းပါ။
၄။ တရုတ်ပဲဝါကို ပါးပါးလှီးပြီး မခြစ်အောင် ကျက်ရုံကြော်ထား။

ပြုလုပ်နည်းအဆင့်ဆင့်

ဆီကျက်အိုးထဲသို့ ထောင်းပြီးသား ငရုတ်သီး၊ ဖာလာ စေ့တို့ကို ဆီမွှေးသတ်ပါ။ ထောင်းပြီးသား ကုလားပဲနှင့် အုန်းနို့ ရည်စိမ်ထားသော အရာတို့ကိုထည့်ပါ။ ကရဝေးရွက်ထည့်ပါ။ ထို့နောက် အခြား အသင့်ရှိသောအရာများကိုထည့်ပြီး ကြက်သွန် နီဥတစ်လုံးကို လေးစိတ်စိတ်၍ထည့်ပါ။ ပဲငံပြာရည်ခတ်၊ ရေသင့်အောင်ထည့်၊ ကျက်လျှင် ငရုတ်ကောင်းခတ်၍ သုံး ဆောင်ပါ။


Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်