ပုန်းရည်ဟင်း


ပါဝင်သော ပစ္စည်းများ

ပုန်းရည်
ကန်စွန်းရွက်
ခရမ်းသီး
ကြက်သွန်နီ/ ဖြူ
ပဲငံပြာရည်
ပဲငါးပိ
မှိုအစို (သို့မဟုတ်) အခြောက်

ပြင်ဆင်ပုံ

၁။ ခရမ်းသီးကို အဖန်ရည်ထွက်အောင် ဆန်ဆေးရည်နှင့်ဆေးပါ။
၂။ လက်ပန်ခေါင်းကို နူးအောင်ပြုတ်ပါ။

ပြုလုပ်နည်းအဆင့်ဆင့်

လက်ပန်ခေါင်းပြုတ်ဖတ်အိုးထဲသို့ ကန်စွန်းရွက်၊ခရမ်းသီး၊ သနပ်ဥ၊ ကြက်သွန်နီ/ဖြူ မှိုထည့်ပါ။ ထို့နောက် ပုန်းရည်သင့်အောင်ထည့်။ ဆား၊ ဆီ၊ ပဲငံပြာရည်၊ နနွင်း၊ပဲငါးပိတို့ကို သင့်ရုံထည့်ပြီးလုံးပါ။ နူးနပ်လျှင် ရေနည်းနည်းထည့်။ ထို့နောက် ခရမ်းသီးဆေးပြီးသားကိုထည့်ပါ။ ကောင်း စွာကြိုပြီး ဟင်းရည်ကျက်လျှင် သုံးဆောင်ပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်