ပဲကြာဆန်ဆီပြန်ချက်


ပါဝင်သော ပစ္စည်းများ

ပဲကြာဆန် ၂၅ ကျပ်သား
ကြက်သွန်နီဥကြီး ၃ ဥ
ကြက်သွန်ဖြူ ၂ဥ
ငရုတ်ပွခြောက် ၄ ထောင့်
ဆီ ၇ ကျပ်ခွဲသား

ပြင်ဆင်ပုံ

၁။ ပဲကြာဆန်များကို ရေစိမ်၍ အရွယ်တော်ဖြတ်ထားပါ။
၂။ ကြက်သွန်ဖြူ နီ ငရုတ်သီးပွ၊ ချင်းတို့ကို ညက်အောင်ထောင်းပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်သွန်ဖြူ၊ နီ၊ ချင်း၊ ငရုတ်ပွထောင်းပြီးသားကို ဆီသတ်ပါ။ ဆီသတ်ပြီးလျှင် ပဲကြာဆန်ထည့်ပြီးချက်ပါ။ ပဲငံပြာ ရည်၊ ဆား၊ အချိုမှုန့် သင့်အောင်ထည့်ပြီး ဆီပြန်ချက်ပါ။ မှိုခြောက်ပန်းခြောက် ထည့်လိုကထည့်ပြီး ငရုတ်ကောင်းမှုန့် ပြီး သုံးဆောင်ပါ။

Comments

Popular posts from this blog

သက်သတ်လွတ်မုန့်ဟင်းခါး

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

ပဲခြမ်းကြော်သုပ်