ပြောင်းဖူးကြော်

ပါဝင်သော ပစ္စည်းများ
ပြောင်းဖူး၆ ဖူး
ကြက်သွန်နီ ၁ ဥ
ဆီ ၅ ကျပ်သား
သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နို့မှုန့် စတီးဇွန်း ၁ ဇွန်း
ရေ လက်ဖက်ရည်ပန်းကန် ၅ လုံး
ပြင်ဆင်ပုံ
၁။ ပြောင်းဖူး ရေဆေးပြီး ဓားပါးပါးထက်ထက်ဖြင့် ပါးပါးလွှာ၍လှီးပြီး ဆုံတွင် မညက်တညက် ထောင်းပါ။
၂။ နို့မှုန့်ကို လက်ဖက်ရည်ပန်းကန်တစ်ဝက်ရေနှင့်ဖျော်ထားပါ။
ပြုလုပ်နည်းအဆင့်ဆင့်
ဆီကျက်အိုးမှ ဆီကျက်လျှင် ကြက်သွန်နီ ဆီသတ်ပါ။ မွှေးလာလျှင် ပြောင်းဖူး၊ နနွင်းထည့်၍ သမအောင်မွှေ၊ သကြား ဆားထည့် သမအောင် ထပ်မွှေပါ။ အဖုံးအုပ်ထားပြီး အထက် အောက် လှန်ပေးပါ။ ရေခန်းစပြုလျှင် နွားနို့ထည့်၊ အဖုံးဖွင့် ထား၍ ဆီပြန်လာအောင်နှင့် မကပ်ရန် အိုးကို တစ်ဖက်လှည့် လှည့်ပေးပါ။ ဆီပြန်လာလျှင် ပူပူနွေးနွေးစားရန်ပြင်ပါ။
Comments
Post a Comment