မုန်လာဥဆီပြန်
ပါဝင်သော ပစ္စည်းများ
မုန်လာဥကြီး ၈ဥ
ခရမ်းချဉ်သီးအကြီး ၃ လုံး
ကြက်သွန်နီ ၅ ဥ
ကြက်သွန်ဖြူ ၄ ဥ
ပဲငံပြာရည် စတီးဇွန်း ၂ ဇွန်း
ဆား၊ အချိုမှုန့် သင့်ရုံ
ပြင်ဆင်ပုံ
၁။ မုန်လာဥကို အခွံခြစ်ပြီး လေးစိတ်စိတ်ထား။
၂။ ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီးထောင်းပါ။
၃။ ခရမ်းချဉ်သီး ပါးပါးလှီးထားပါ။
မုန်လာဥကို ခရမ်းချဉ်သီး၊ ပဲငံပြာရည်၊ ဆီ၊ ဆား၊ နနွင်း စသည်တို့နှင့် ရော၍နာနာနယ်ပါ။ ထောင်းပြီးထားသည့် ငရုတ်သီးအနှစ်များကို ဆီသတ်ပြီး နယ်ထားသော မုန်လာဥ၊ ခရမ်းချဉ်သီး စသည်တို့ကို ရေမြုပ်အောင်ထည့်၍ မီးငွေ့ငွေ့ နှင့်တည့်ပါ။ ရေခမ်း၍ မုန်လာဥနူးလျှင် ပြီး သုံးဆောင်နိုင်ပါသည်။
Comments
Post a Comment