ပိန္နဲသီးဆီပြန်


ပါဝင်သော ပစ္စည်းများ

ပိန္နဲသီးနုနု(အကင်း) ၁ လုံး
ကြက်သွန်နီ ၅ လုံး
ကြက်သွန်ဖြူ ၂ ဥ
ဆီ ၅ ကျပ်သား
ငရုတ်သီးအစိမ်းမှုန့်၊ဟင်းခတ်မှုန့် သင့်ရုံစီ

ပြင်ဆင်ပုံ

၁။ ပိန္နဲသီးကို အခွံခွာ၍ အနေတော် အတုံးကလေးများတုံးပြီး ရေစင်အောင်ဆေးပါ။
၂။ ငရုတ်သီးစိမ်းမုန့်နှင့် ကြက်သွန်ဖြူနီ ရောထောင်းပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ဆီအိုးဆီကျက်လျှင် ငရုတ်နှစ်ထောင်းပြီးသား ဆီသတ်ပါ။ ပြီးလျှင် ပိန္နဲသီးထည့်မွှေ၊ ဆား၊ ဟင်းခတ်မှုန့် သင့်အောထည့်ပါ။ နူး၍ ဆီပြန်လာလျှင် ချ၍သုံးဆောင်ပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်