အာလူးအကြေကြော်


ပါဝင်သော ပစ္စည်းများ

အာလူး ၂၀ ကျပ်သား
ကြက်သွန်နီ ၁ ဥ
ဆီ ၅ ကျပ်သား
ဆား၊ နနွင်း သင့်ရုံ
သကြား သင့်ရုံ

ပြင်ဆင်ပုံ

၁။ အာလူးနူးအောင်ပြုတ်၊ အခွံနွှာပြီး ညက်အောင်ထောင်း၊ဆား၊ သကြားဖြူး မြည်းကြည့်ပါ။
၂။ ကြက်သွန်နီ ပါးပါးလှီး၊ နနွင်းအနည်းငယ်နှင့်ကြော်ပြီးဆယ်ပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ဆီကျက်ထဲသို့ အာလူးထောင်းပြီးသားထည့်၊ ဇွန်းပြား ဖြင့်ဖိ၍ပြားပါ။ တစ်ဖက်တစ်ချက်စီ လှန်ပေးပါ။ အပြားမကြိုက်လျှင် အာလူးအရုပ်ကိုထိုးဆွ၍ အဖတ်အဖတ်ဖြစ်အောင်လုပ်ပြီး
ကြော်ပါ။ ကြွပ်ရွလာပါက ပန်းကန်ပြားထဲထည့်ပြီး အပေါ်မှ ကြက်သွန်ကြော်ဖြူးပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်