ကန်စွန်းရွက်ပြုတ် ကော်ရည်ဆမ်း


 ပါဝင်သော ပစ္စည်းများ

ကန်စွန်းရွက်
သကြား၊ ဆား
ငရုတ်သီးခြောက် (အပုမျိုး)
 ကြက်သွန်-ဖြူ/နီ
ကော်မှုန့်
ထန်းလျက်
မန်ကျည်းနှစ်ရည်

 ပြင်ဆင်ပုံ

 ၁။ ၁ လက်မခန့် လှီးဖြတ်ထားသည့် ကန်စွန်းရွက်များကိုသကြားအနည်းငယ်ထည့်ထားသော ရေဆူအိုးတွင် ထည့် ပြုတ်ပါ။ နွမ်းပုံရလျှင် ရေအေးဖြင့်စိမ်ထားပါ။ ရေအေး ၃ ကြိမ်လဲပေးပါ။
၂။ ငရုတ်သီးခြောက် ကြော်ထားပါ။
၃။ မြေပဲလှော်ပြီး ထောင်းထားပါ။
 ၄။ ကော်မှုန့်၊ ထန်းလျက်၊ ဆားကို မန်ကျည်းသီး အနှစ်ရည်  ကျဲကျဲနှင့်ဖျော်ပြီး ဆူအောင်တည်ပါ။
 ၅။ ကြက်သွန်ဖြူကို ဓားပြားရိုက်၊ ကြမ်းကြမ်းစဉ်းပြီး ဆီချက် ချက်ပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ကန်စွန်းရွက်ကိုဆည်ပြီး ရေညှစ်ပါ၊ ပဲငံပြာရည်၊ အချို မှုန့်ထည့်ပါ၊ ငရုပ်သီးကြော် ခြေထည့်ပြီး မြေပဲထောင်းဖြူးပြီးကော်ရည်ကို လိုသလောက်ဆမ်း၊ ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်ကြော် များများထည့်ပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်