ဒန့်သလွန်သီးဟင်း


ပါဝင်သော ပစ္စည်းများ

ဒန့်သလွန်သီး
အာလူး
နံနံစေ့ ကြက်သွန်ဖြူ/နီ/ ချင်း
ငရုတ်သီးခြောက်
နှမ်းဆီ

ပြင်ဆင်ပုံ

၁။ ဒန့်သလွန်သီး အခွံခြစ်ပြီး လက်လေးသစ်ခန့်လှီး၍ထားပါ။
၂။ နံနံစေ့ကို ညက်အောင်ထောင်းထားပါ။
၃။ ကြက်သွန်ဖြူ၊ နီ၊ ချင်း၊ငရုတ်သီးခြောက်တို့ထောင်းထားပါ။
၄။ အာလူး အနည်းငယ် လှီးထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

အိုးထဲတွင် နှမ်းဆီကျက်လျှင် ထောင်းထားသောအရာ များနှင့် နနွင်း၊ ဆားထည့်မွှေပါ။ အနီရောင်ထွက်လာလျှင် လှီးပြီးထားသော ဒန့်သလွန်သီးထည့်ပါ။ အာလူးအနည်းငယ် မဆလာအနည်းငယ်ထည့်ပါ။ ကောင်းစွာမွှေပြီး ရေထည့်၊ ဟင်းရေခပ်ပျစ်ပျစ်ဖြစ်လျှင် ချပြီးသုံးဆောင်ပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်