နိုကိုဥဆီပြန်


ပါဝင်သောပစ္စည်းများ

နိုကိုဥ
အာလူး
ထောပတ် (ဝါ) နှမ်းဆီ
မတ်ပဲ၊ ကုလားပဲခြမ်း
ခရမ်းချဉ်သီး
ဆား၊ နနွင်း၊ မဆလာ

ပြင်ဆင်ပုံ

၁။ နိုကိုဥကို အခွံသင်ပြီး သင့်လျော်အောင်တုံးထားပါ။ အာလူးအနည်းငယ်ကို လှီးထားပါ။
၂။ ခရမ်းချဉ်သီး လှီးထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ထောပတ် သို့မဟုတ် နှမ်းဆီချက်၍ မုန်ညင်းစေ့ထည့် ပါ။ အနည်းငယ်ကြာလျှင် မတ်ပဲ၊ အခွံချွတ်နှင့် ကုလားပဲခြမ်း တို့ထည့်၊ နီရောင်ပြောင်းလျှင် နိုကိုဥ၊ အာလူးထည့်မွှေပေးပါ။ ဆား၊ နနွင်း၊ မဆလာ၊ ခရမ်းချဉ်သီးထည့်၍ ကောင်းစွာမွှေ ပေးပါ။ အဖုံးအုပ်၍ အတန်ငယ်ကြာလျှင် ရေထည့်၍ဆီပြန် ချက်ပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်