ခရမ်းသီးဖုတ်သုပ်


ပါဝင်သော ပစ္စည်းများ

ခရမ်းသီးကြီးကြီး ၂ လုံး
ကြက်သွန်နီဥကြီး ၃ လုံး
ကြက်သွန်ဖြူ ၃ မွှာ
နှမ်း စားပွဲဇွန်း ၁ ဇွန်း
နှမ်းဆီ ၂ ကျပ်ခွဲသား

ပြင်ဆင်ပုံ

၁။ခရမ်းသီးမီးဖုတ်၍ အသားထွင်ပြီး ပန်းကန်တွင်ထည့်ပါ။
၂။ ကြက်သွန်နီ ပါးပါးလှီး၊ ကြက်သွန်ဖြူ ဓားပြားရိုက်ထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

မီးဖုတ်ထားသော ခရမ်းသီးကို ခက်ရင်းဖြင့် အမြောင်း လိုက်ခြစ်ပါ။ လှီးထားသော ကြက်သွန်ဖြူ/နီ၊ နှမ်းဆီ၊ ဆား တို့ထည့်ပြီး ခက်ရင်းဖြင့်ပင် သမအောင်ဖွဖွနယ်ပေးပါ။ အပေါ့ အငန်မြည်းပြီး စားသုံးနိုင်ပါပြီ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်