ကြွက်နားရွက်သုပ်


ပါဝင်သော ပစ္စည်းများ

ကြွက်နားရွက် ၁၀ ကျပ်သား
ကြက်သွန်နီ ၂ လုံး
ရှောက်ရွက် ၁ စည်း
သံပရာသီး ၁ ခြမ်း
ငရုပ်သီးစိမ်း၅ တောင့်

ပြင်ဆင်ပုံ

၁။ ကြွက်နားရွက်ကို ၃ ကြိမ်လောက် ရေဆေးပြီးပါးပါးလှီးပါ။
၂။ ကြက်သွန်နီတစ်လုံး ပါးပါးလှီးပြီး ဆီချက်ချက်ပါ။ နောက်တစ်လုံးကိုလည်း ပါးပါးလှီးထားပါ။
၃။ ငရုတ်သီးစိမ်း၊ ရှောက်ရွက်တို့ကို ပါးပါးလှီးထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

လှီးထားသော ကြွက်နားရွက်ထဲသို့ ကြက်သွန်နီ၊ ရှောက်ရွက်၊ ငရုတ်သီးစိမ်း ဟင်းခတ်မှုန့်တို့ထည့်ပြီး သမအောင် ရောသုပ်ပါ။ နောက်ပြီးမှ သံပရာသီးညှစ်ထည့်ပြီး သုပ်စားပါ။

Comments

Popular posts from this blog

သက်သတ်လွတ်မုန့်ဟင်းခါး

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

ပဲခြမ်းကြော်သုပ်