ဂေါ်ရခါးသီးချဉ်ရည်ဟင်း

ပါဝင်သော ပစ္စည်းများ
ဂေါ်ရခါးသီး
ကြက်သွန်နီ/ ဖြူ
ငရုတ်သီးခြောက်
ချင်း၊ ဆား
ပဲငံပြာရည်
ခရမ်းချဉ်သီး
ပြင်ဆင်ပုံ
၁။ ဂေါ်ရခါးသီးအခွံသင်၊ အစေးများကိုပွတ်ပြီး သင့်လျော်အောင် လှီးထားပါ။
၂။ ငရုပ်သီးခြောက်၊ ကြက်သွန်ဖြူနီတို့ကို ထောင်းထားပါ။
၃။ မန်ကျည်းသီးမှည့်ရည် သင့်ရုံဖျော်ထားပါ။
ပြုလုပ်နည်းအဆင့်ဆင့်
ထောင်းထားသည့် ကြက်သွန်ဖြူနီ၊ ငရုတ်ပွ၊ ချင်း တို့ကို ဆီသတ်ပြီး ဂေါ်ရခါးသီးထည့်ပါ။ ဆား၊ ပဲငံပြာရည် ၏ သင့်ရုံခတ်ပါ။ ခရမ်းချဉ်သီး အနည်းငယ်ထည့်ပါ။ ရေလိုအပ် သလောက်သာထည့်၊ ရေဆူလျှင် မန်ကျည်းရည်ကို သင့်အောင် ထည့်ပြီး ကြက်သွန်မြိတ်၊နံနံပိတ်အုပ်၍ချပါ။ မဆလာခတ် လိုလျှင်ခတ်ပါ။
Comments
Post a Comment