မရမ်းသီးအစိမ်းသုပ်


ပါဝင်သော ပစ္စည်းများ

မရမ်းသီးအစိမ်း ၁၀ ကျပ်သား
ကြက်သွန်နီ ၁ဥ
ကြက်သွန်ဖြူဆီကျက် ၁ ဇွန်း
မြေပဲမှုန့် ၂ ကျပ်သား
ဂေါ်ဖီထုပ်၂ရွက်
ပဲမှုန့်အကျက် ၁ ကျပ်သား
သကြား လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြင်ဆင်ပုံ

၁။ မရမ်းသီး ထက်ခြမ်းခြမ်းပြီး အစေ့ထုတ် ပါးပါးလှီးထား။ဂေါ်ဖီရွက်ကို အလယ်ရိုးထုတ်ပြီး ရေဆေး ပါးပါးလှီးထားပါ။
၂။ ကြက်သွန်နီ ပါးပါးရေဆေး စစ်ထားပါ။ ကြက်သွန်ဖြူကြော်ပါ။

ပြုလုပ်နည်းအဆင်ဆင့်

ဇလုံထဲတွင် မရမ်းသီး၊ ကြက်သွန်နီ အဆာပလာများ နှင့် မရမ်းသီးပါးပါး၊ ဆီကျက်ဆမ်းပြီး သမအောင်နယ်။ အသုပ်ပေါ်သို့ ကြက်သွန်ဖြူကြော်ဖြူး၊ ငရုတ်သီးလှော်ထောင်း ကို ဘေးတွင်ပုံပေးပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်