ပဲငါးပိချက်


ပါဝင်သော ပစ္စည်းများ

ပဲငါးပိ
ကြက်သွန်နီ/ဖြူ
ငရုတ်သီးထောင်း
ဆင်ခရမ်းချဉ်သီး
တရုတ်ခရမ်းချဉ်သီး
မန်ကျည်းသီး

ပြင်ဆင်ပုံ

၁။ ပဲငါးပိကို အရည်စစ်ပြီး ထောင်းပါ။
၂။ ကြက်သွန်နီ/ဖြူကို နီရောင်လာအောင် ကြော်ပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ပဲငါးပိထောင်းထဲသို့ ငရုတ်သီးထောင်းနှင့် ကြက်သွန်ကြော်ထည့်ပါ။ ထို့နောက် ဆင်ခရမ်းချဉ်သီး၊ တရုတ်ခရမ်းချဉ်သီးတို့ လှီးထည့်ပြီး မန်ကျည်းရည် သင့်အောင်လောင်းပါ။ နံနံမြိတ်၊ ကြက်သွန်မြိတ်တို့အုပ်၍ ချပြီး သုံးဆောင်ပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်