ဗယာကြော်သုပ်


ပါဝင်သော ပစ္စည်းများ

ဗယာကြော် ၁ဝ ခု
ဂေါ်ဖီထုပ် ၁ ခြမ်း
ကြက်သွန်နီ ၅လုံး
မန်ကျည်းသီး အနည်းငယ်
ငရုတ်သီးအစိမ်း (သို့) အကျက် အနည်းငယ်
ဟင်းခတ်မှုန့်ထား အနည်းငယ်

ပြင်ဆင်ပုံ

၁။ ဗယာကြော်ကို လက်ဖြင့်ချေပြီး ပန်းကန်ပြားထဲထည့်ပါ။
၂။ ဂေါ်ဖီထုပ်နှင့် ကြက်သွန်နီတို့ကို ပါးပါးလှီး၍ရေဆေးပြီး စစ်ထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ဗယာကြော်ချေထားသော ပန်းကန်ထဲသို့ ပါးပါးလှီးထားသောဂေါ်ဖီထုပ်နှင့် ကြက်သွန်နီထည့်ပါ။ ထို့နောက် မန်ကျည်းသီးရည်၊ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းခတ်မှုန့်ထည့် ပြီး နှံ့အောင်နယ်ကာ သုံးဆောင်ပါ။ အနံ့မွှေးလိုလျှင် ပူစီနံ ခပ်ပါးပါး လှီးထည့်ပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်