ခရမ်းချဉ်သီးကြော်


ပါဝင်သော ပစ္စည်းများ

ခရမ်းချဉ်သီး ၃၀ ကျပ်သား
ကြက်သွန်နီ၂ ကျပ်ခွဲသား
ကြက်သွန်ဖြူ ၁ ကျပ်ခွဲသား
ငရုပ်ပွအတောင့် ၂ ကျပ်ခွဲသား
သကြား သင့်ရုံ
ဆီ ၅ ကျပ်သား
ငရုပ်သီးစိမ်း ၁၀ တောင့်
ကြက်သွန်မြိတ် ၃ ပင်
နံနံပင် ၆ ပင်
ပဲငံပြာရည် စားပွဲဇွန်း၂ ဇွန်း
ချင်း လက်တစ်ဆစ်

ပြင်ဆင်ပုံ

၁။ ခရမ်းချဉ်သီး ရေဆေးပြီး မထူမပါးလှီး၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်း ရေဆေးပြီး ဖြတ်ထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ဆီကျက်လျှင် ရုတ်၊ ကြက်သွန်၊ ချင်းထောင်းပြီးသား ထည့်၊ နနွင်းထည့်ပါ။ ထို့နောက် ခရမ်းချဉ်သီးထည့်၊ ခရမ်းချဉ် များကြေပြီး ဆီပြန်လျှင် ပဲငံပြာရည်၊ ဆား၊ သကြားထည့်သမအောင်မွှေ၊ အပေါ့အငန် သင့်အောင်လုပ်ပြီး ဖြုတ်ထားသော ငရုတ်သီးစိမ်း၊ နံနံပင်၊ ကြက်သွန်မြိတ် အုပ်လိုက်ပါ။

Comments

Popular posts from this blog

သက်သတ်လွတ်မုန့်ဟင်းခါး

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

ပဲခြမ်းကြော်သုပ်