ကန်စွန်းရွက်ကြော်ချက်


ပါဝင်သော ပစ္စည်းများ

ကန်စွန်းရွက်
ကြက်သွန်ဖြူ/နီ
ဆီ၊ ဆား
ခရမ်းချဉ်သီး
ပဲငံပြာရည်

ပြင်ဆင်ပုံ
၁။ ကန်စွန်းရွက် အရိုးရင့်များကိုဖယ်ပါ။ ပြီးလျှင် ရေဆေး၍အရွက်ခြွေပါ။ အရိုးနုများကို ၁ လက်မခန့်လှီးပြီးထက်ခြမ်း ခွဲထားပါ။
၂။ ကြက်သွန်နီ လှီးပါ။
၃။ ခရမ်းချဉ်သီးကို သင့်အောင်လှီးထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ကန်စွန်းရွက်၊ ကြက်သွန်ဖြူနီ ဆား စသည်တို့ကို လုံးချက်ပါ။ အနည်းငယ်ကြာလျှင် ရေထည့်ပြီး ခရမ်းချဉ်သီး၊ ပဲငံပြာရည်အကြည် အနောက်တို့ကိုခတ်ပါ။ ရေစပ်စပ်နှင့်ချပြီး သုံးဆောင်ပါ။

Comments

Popular posts from this blog

သက်သတ်လွတ်မုန့်ဟင်းခါး

ကြိုက်သူများအတွက် `` တို့ဟူးနွေး ပြုလုပ်နည်း ´´

ပဲခြမ်းကြော်သုပ်