ပဲတောင့်ရှည်သီးဆီပြန်


ပါဝင်သော ပစ္စည်းများ

ပဲတောင့်ရှည်
အာလူး
ကြက်သွန်နီ/ဖြူ
ပဲငံပြာရည်
မဆလာ

ပြင်ဆင်ပုံ

၁။ ပဲတောင့်ရှည်နှင့် အာလူးတို့ကို သင့်လျော်အောင်လှီးပါ။
၂။ ကြက်သွန်ဖြူ နီ၊ ချင်း၊ ငရုတ်သီးခြောက်တို့ကို ပါးပါး လှီးကြော်။

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးခြောက် စသည်တို့ကို နီလာအောင်ကြော်ပြီး လှီးထားသော ပဲတောင့်ရှည်၊ အာလူးတို့ကို ထည့်ပါ။ ဆား နနွင်း၊ ပဲငံပြာရည်တို့ကိုထည့်၍ ကောင်းစွာ မွှေပြီး အဖုံးဖုံးထားပါ။ အတန်ကြာလျှင် ရေအနည်းငယ်ထည့် ပါ။ ဆီပြန်လာလျှင် မဆလာထည့်၍ သုံးဆောင်ပါ။

Comments

Popular posts from this blog

တို့ဟူးသုပ်

ပဲခြမ်းကြော်သုပ်

ပဲ ကြော် (သို့) ပဲကပ် ကြော်