ဘူးသီးနှပ်
ပါဝင်သော ပစ္စည်းများ
ဘူးသီး ၁ စိတ်
ကြက်သွန်နီ ၂ လုံး
ကြက်သွန်ဖြူ ၁ ဥ
ငရုတ်သီးအစိမ်းမှုန့် ၁ ဇွန်း
နံနံပင် ၁ စည်း
ဆီ ၅ ကျပ်သား
ပြင်ဆင်ပုံ
၁။ ဘူးသီးအခွံခွာ၊ အနေတော်တုံးပြီး ရေစင်စင်ဆေးထားပါ။
၂။ ငရုတ်သီးအစိမ်းမှုန့်၊ ကြက်သွန်နီ/ဖြူ တို့ထောင်းပါ။
ပြုလုပ်နည်းအဆင့်ဆင့်
ဆီကျက်အိုးထဲသို့ ငရုတ်နှစ်များထည့်ဆီသတ်ပါ။ ပြီးလျှင် ဘူးသီးများထည့်မွှေပါ။ ဆား ဟင်းခတ်မှုန့်ထည့်ပါ။ ရေအနည်းငယ်ထည့်၍ အဖုံးအုပ်ထားပါ။ အပေါ့အငန်မြည်းပြီး သုံးဆောင်ပါ။
Comments
Post a Comment