ရုံးပတီသီး


ပါဝင်သော ပစ္စည်းများ

ရုံးပတီသီး ၁၀တောင့်
ကြက်သွန်နီ၂ဥ
ကြက်သွန်ဖြူ ၂မြွှ
သကြားလက်ဖက်ရည်ဇွန်းတစ်၀က်
ဆား၊ မဆလာ သင့်ရုံစီ

ပြင်ဆင်ပုံ

၁။ ရုံးပတီသီးရေဆေး၊ အညှာမပြတ်အောင် ထက်ခြမ်းခွဲ။
၂။ ကြက်သွန်ဖြူ နီထောင်း၊ နနွင်း၊ သကြား၊ ဆား၊ ဆီထည့်ပြီး သမအောင်နယ်ပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ခြမ်းထားသော ရုံးပတီသီးများတွင် သမအောင်နယ် ထားသော ကြက်သွန်ဖြူ နီ စသည်တို့ကိုထည့်ပြီး ချက်မည့် အိုးတွင်စီထည့်၊ ပိုနေသော ကြက်သွန်နီ/ဖြူကို အပေါ်တွင် ဖြူးပါ။ မဆလာထည့်၊ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်နှပ် ချက်။ ရုံးပတီသီးနူးလျှင် အပေါ့အငန်မြည်း၍ပြီးသုံးဆောင်ပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်