ဆီးဖြူသီးသနပ်


ပါဝင်သော ပစ္စည်းများ

ဆီးဖြူသီးအလုံးကြီး ၁၀လုံး
ကြက်သွန်နီဥကြီး ၁ ဥ
ကြက်သွန်ဖြူ အမြွှာကြီး ၁ မြွှာ
နှမ်းလှော် ၁ဇွန်း
ဆား၊ သကြား သင့်ရုံ
ဆီ၂ ကျပ်ခွဲသား

ပြင်ဆင်ပုံ

၁။ ဆီးဖြူသီး နူးအိအောင်ပြုတ်၊ ပြုတ်ရည်ကိုသွန်ပါ။ ၄/၅ကြိမ် ရေဆေးပြီး ရေစစ်လျှင် အစေ့ထုတ်၍ထောင်းပါ။
၂။ နှမ်းကို ဆန်ကောတွင်ထည့် ပုလင်းဖြင့် ကြိတ်ချေထားပါ။
၃။ ကြက်သွန်နီကြော်၊ ဆီကျက် ၂ ဇွန်းခပ်ထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ထောင်းထားသော ဆီးဖြူသီးထဲသို့ ဆား၊ သကြား၊ ဆီကျက် ၁ ဇွန်းတို့ကိုရောထောင်းပါ။ ညက်လျှင် ဆုံမှထုတ်ယူ ပြီး အလုံးလေးများလုပ်၊ ၎င်းတို့အပေါ်သို့ ဆီနှံ့အောင်ဆမ်း၊ ကြက်သွန်ကြော်ဖြူးပြီး ပြုပြင်ပေးပါ။

Comments

Popular posts from this blog

ပဲခြမ်းကြော်သုပ်

တို့ဟူးသုပ်

မျှစ် အစပ်ကြော်