ဒိန်ခဲချက်
ပါဝင်သော ပစ္စည်းများ
ဒိန်ခဲ(ချီးစ်)
ခရမ်းချဉ်သီး
ငရုတ်သီးခြောက်
ကြက်သွန်နီ/ဖြူ
ကြက်သွန်မြိတ်၊နံနံမြိတ်
ပြင်ဆင်ပုံ
၁။ ကြက်သွန်နီလှီး၊ ငှရုတ်သီးစိမ်း လေးစိတ်စိတ်ထားပါ။
၂။ ဒိန်ခဲ(ချီးစ်)ကို နှစ်ပုံပုံပါ။ ၁ ပုံကို ပါးပါးလှီးပြီးတစ်ပုံထောင်းပါ။
ပြုလုပ်နည်းအဆင့်ဆင့်
ကြက်သွန်နီ၊ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူတို့ကို ဆီသတ်ပြီး ဒိန်ခဲ၊ ခရမ်းချဉ်သီးများများ၊ ဆီ၊ ဆား၊ နနွင်း တို့ကိုပါရောပြီးလုံးပါ။ ရေအနည်းငယ်ထည့်ပါ။ ခရမ်းချဉ်သီး ကြေ၍ ဆီပြန်လျှင် ကြက်သွန်မြိတ်နှင့် နံနံမြိတ်တို့ကို အပေါ်က အုပ်၊ နွမ်းလျှင် ချ၍သုံးဆောင်ပါ။
Comments
Post a Comment