တဇောင်းချဉ်စပ်


ပါဝင်သော ပစ္စည်းများ

တဇောင်းခါးသီး ၂၀ ကျပ်သား
ကြက်သွန်နီ ၃ လုံး
ကြက်သွန်ဖြူ ၂မွှာ
ငရုတ်သီးမှုန့်၊ နနွင်း အနည်းငယ်စီ
ဆား၊ သကြား သင့်ရုံ
ဆီ ၂ ကျပ်ခွဲသား

ပြင်ဆင်ပုံ

၁။ တဇောင်းခါးသီးများကို ရေစင်ကြယ်စွာဆေးပြီး ဓားပြားရိုက်၊ ဆားနှင့်ခပ်ဖွဖွနယ်၍ ရေဆေးစစ်ထားပါ။
၂။ ငရုပ်သီး၊ ကြက်သွန်ဖြူနီတို့ကို ရောထောင်းထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ချက်မည့်အိုးတွင် ရေဆေး၍စစ်ထားသော တစောင်းခါး သီး ဆားနယ်ပြီးသား၊ ရေဆေးပြီးသားကိုထည့်ပါ။ ထို့နောက်ထောင်းထားသော ငရုတ်၊ ကြက်သွန်ကို အပေါ်တွင်ထည့်။ နနွင်း၊ ဆား၊ ဆီ၊ ရေလက်ဖက်ရည်ပန်းကန် ၁ လုံးထည့် အဖုံးဖုံးပြီးတည်။ မတူးကပ်အောင် အိုးကို မကြာခဏလှုပ်ပေ ပါ။ ရေခန်း၍ မနူးသေးလျှင် ရေဆူနည်းနည်းထည့်၍ အဖုံးအုပ် ထားပါ။ နူး၍ ဆီပြန်လျှင် ချပြီး သုံးဆောင်ပါ။

Comments

Popular posts from this blog

တို့ဟူးသုပ်

ပဲခြမ်းကြော်သုပ်

ပဲ ကြော် (သို့) ပဲကပ် ကြော်