Posts

ဘူးသီးကြော်သုပ်

Image
ပါဝင်သော ပစ္စည်းများ ဘူးသီးကြော် ၁၀ခု ဂေါ်ဖီထုပ် ၁ခြမ်း ကြက်သွန်နီ၅လုံး မန်ကျည်းသီး လက်တစ်ဆုပ် ငရုတ်သီးစိမ်း၁၀တောင့် ဆလတ်ရွက် အနည်းငယ် ပြင်ဆင်ပုံ ၁။ ဘူးသီးကြော်ကို ကတ်ကြေးဖြင့် အနေတော်ညှပ်ပါ။ ၂။ ဂေါ်ဖီထုပ်၊ ကြက်သွန်နီတို့ကို ပါးပါးလှီးပါ။ ၃။ မန်ကျည်းရည်ဖျော်ထားပါ။ ၄။ ငရုတ်သီးစိမ်းများကို ပါးပါးလှီးထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် ညှပ်ထားသော ဘူးသီးကြော်ပန်းကန်ထဲသို့ ဂေါ်ဖီထုပ်၊ ကြက်သွန်နီထည့်ပါ။ မန်ကျည်းရည်၊ ငရုတ်သီးစိမ်း ပါးပါးလှီး ပြီးသားထည့်။ အားလုံးထည့်ပြီး သမအောင်မွှေနယ်ပြီး သုံး ဆောင်ပါ။

အညာ ငရုတ်သီးထောင်း

Image
ပါဝင်သော ပစ္စည်းများ ငရုတ်သီးစိမ်း ၅ ကျပ်သား ကြက်သွန်ဖြူဥတစ်လုံး ၆ လုံး နံနံပင် ၅ ပင် သကြား၊ ဆား သင့်ရုံ ပြင်ဆင်ပုံ ၁။ နံနံပင်ကို သန့်စင်ပြီး ရေဆေးစစ်ထားပါ။ ၂။ ငရုတ်သီးစိမ်းကို ရေဆေးပြီး သီတံဖြင့်ကင်ပါ။ ပြုလုပ်နည်းအဆင့်ဆင့် ကင်ထားသော ငရုတ်သီးစိမ်းကို ညက်အောင်ထောင်းပါ။ နံနံပင်ထည့်ထောင်း၊ ကြက်သွန်ဖြူထည့်ထောင်း။ ဆား၊အချိုမှုန့်ပါရောပြီးထောင်းပါ။ ထို့နောက် ဆီအနည်းငယ်ဆမ်းပါ။

ရှောက်သီးသုပ်

Image
ပါဝင်သော ပစ္စည်းများ ရှောက်သီး ဆီချက် ပဲမှုန့်အကျက် ကြက်သွန်နီ ငရုတ်သီးစိမ်း သကြား ပြင်ဆင်ပုံ ၁။ ရှောက်သီးကို အရေအိတ်လေးများမွှာပြီး ဆားရေစိမ်ထား။ ၂။ ကြက်သွန်နီ ပါးပါးလှီးပြီး ရေဆေး၊ ရေစစ်ထားပါ။ ၃။ ငရုတ်သီးစိမ်း ပါးပါးလှီးထား။ ပြုလုပ်နည်းအဆင့်ဆင့် ရှောက်သီးကို ရေထဲမှဆယ်ပြီး ရေနည်းနည်းညှစ်ထုတ်၊ ကြက်သွန်နီ၊ ပဲမှုန့်၊ သကြား၊ ဆီချက်ထည့်၊ ဆားထည့်ပြီး သမအောင်မွှေပါ။ ဖွဖွလေးနယ်ပါ။ လှီးပြီးထားသော ငရုတ်သီး စိမ်းထည့်ပါ။

ပဲပြားသုပ်

Image
ပါဝင်သော ပစ္စည်းများ ပဲပြား (တောင်ကွမ်း) ဆီ ကြက်သွန်ဖြူဥကြီး သခွားသီး ပဲငံပြာရည် သံပရာရည် ကြက်သွန်နီကြော် ငရုတ်သီးမှုန့် ပြင်ဆင်ပုံ ၁။ ပဲပြား (တောင်ကွမ်း)ကို လေးစိတ်စိတ်ပြီး ကြော်ပါ။ ၂။ ကြက်သွန်ဖြူ ပါးပါးလှီးပါ။ သခွားသီးကို သင့်လျော်စွာလှီးထားပါ။ ၃။ ကြက်နားရွက်၊ မှိုခြောက်တို့ကို ရေစိမ်ထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် ပဲပြားကြော်၊ ကြက်သွန်ဖြူလှီးပြီးသား သခွားသီးတို့ထဲ သို့ ပဲငံပြာရည်၊ ဆီကျက်၊ ကြက်သွန်နီကြော်၊ သံပရာရည်၊ ငရုတ်သီးမှုန့်ထည့်ပြီးသုပ်ပါ။ ပြီးလျှင် ကြက်နားရွက်၊ မှိုခြောကံ တို့ထည့်သုပ်ပြီး သုံးဆောင်ပါ။

ဘူးသီးနှပ်

Image
ပါဝင်သော ပစ္စည်းများ ဘူးသီး ၁ စိတ် ကြက်သွန်နီ ၂ လုံး ကြက်သွန်ဖြူ ၁ ဥ ငရုတ်သီးအစိမ်းမှုန့် ၁ ဇွန်း နံနံပင် ၁ စည်း ဆီ ၅ ကျပ်သား ပြင်ဆင်ပုံ ၁။ ဘူးသီးအခွံခွာ၊ အနေတော်တုံးပြီး ရေစင်စင်ဆေးထားပါ။ ၂။ ငရုတ်သီးအစိမ်းမှုန့်၊ ကြက်သွန်နီ/ဖြူ တို့ထောင်းပါ။ ပြုလုပ်နည်းအဆင့်ဆင့် ဆီကျက်အိုးထဲသို့ ငရုတ်နှစ်များထည့်ဆီသတ်ပါ။ ပြီးလျှင် ဘူးသီးများထည့်မွှေပါ။ ဆား ဟင်းခတ်မှုန့်ထည့်ပါ။ ရေအနည်းငယ်ထည့်၍ အဖုံးအုပ်ထားပါ။ အပေါ့အငန်မြည်းပြီး သုံးဆောင်ပါ။

ဗယာကြော်သုပ်

Image
ပါဝင်သော ပစ္စည်းများ ဗယာကြော် ၁ဝ ခု ဂေါ်ဖီထုပ် ၁ ခြမ်း ကြက်သွန်နီ ၅လုံး မန်ကျည်းသီး အနည်းငယ် ငရုတ်သီးအစိမ်း (သို့) အကျက် အနည်းငယ် ဟင်းခတ်မှုန့်ထား အနည်းငယ် ပြင်ဆင်ပုံ ၁။ ဗယာကြော်ကို လက်ဖြင့်ချေပြီး ပန်းကန်ပြားထဲထည့်ပါ။ ၂။ ဂေါ်ဖီထုပ်နှင့် ကြက်သွန်နီတို့ကို ပါးပါးလှီး၍ရေဆေးပြီး စစ်ထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် ဗယာကြော်ချေထားသော ပန်းကန်ထဲသို့ ပါးပါးလှီးထားသောဂေါ်ဖီထုပ်နှင့် ကြက်သွန်နီထည့်ပါ။ ထို့နောက် မန်ကျည်းသီးရည်၊ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းခတ်မှုန့်ထည့် ပြီး နှံ့အောင်နယ်ကာ သုံးဆောင်ပါ။ အနံ့မွှေးလိုလျှင် ပူစီနံ ခပ်ပါးပါး လှီးထည့်ပါ။

သခွားသီးကြော်ချက်

Image
ပါဝင်သော ပစ္စည်းများ သခွာသီး ကြက်သွန်ဖြူ ဟင်းခတ်မှုန့် ပြင်ဆင်ပုံ ၁။သခွားသီးရေဆေးပြီး အခွံသင် ထက်ခြမ်းခြမ်။ အလယ်အူထုတ် စောင်းစောင်း မထူမပါးလှီးထားပါ။ ၂။ ကြက်သွန်နီပါးပါးလှီး။ ကြက်သွန်ဖြူ ဟင်းခတ်မှုန့်ထည့်ပါ။ ပြုလုပ်နည်းအဆင့်ဆင့် ဆီကျက်အိုးထဲသို့ ကြက်သွန်နီထည့် ဆီသတ်၊ အနံ့မွှေး လာလျှင် လှီးထားသော သခွားသီးထည့်၊ ဟင်းခတ်မှုန့်၊ ဆား သင့်ရုံထည့်၊ ၃ မိနစ်ခန့် အဖုံးအုပ်ထားပါ။ သခွားသီးနူးလျှင် အပေါ့အငန်မြည်းပြီး ချပါ။

ပဲတောင့်ရှည်သီးဆီပြန်

Image
ပါဝင်သော ပစ္စည်းများ ပဲတောင့်ရှည် အာလူး ကြက်သွန်နီ/ဖြူ ပဲငံပြာရည် မဆလာ ပြင်ဆင်ပုံ ၁။ ပဲတောင့်ရှည်နှင့် အာလူးတို့ကို သင့်လျော်အောင်လှီးပါ။ ၂။ ကြက်သွန်ဖြူ နီ၊ ချင်း၊ ငရုတ်သီးခြောက်တို့ကို ပါးပါး လှီးကြော်။ ပြုလုပ်နည်းအဆင့်ဆင့် ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးခြောက် စသည်တို့ကို နီလာအောင်ကြော်ပြီး လှီးထားသော ပဲတောင့်ရှည်၊ အာလူးတို့ကို ထည့်ပါ။ ဆား နနွင်း၊ ပဲငံပြာရည်တို့ကိုထည့်၍ ကောင်းစွာ မွှေပြီး အဖုံးဖုံးထားပါ။ အတန်ကြာလျှင် ရေအနည်းငယ်ထည့် ပါ။ ဆီပြန်လာလျှင် မဆလာထည့်၍ သုံးဆောင်ပါ။

ပဲတီချဉ်ကြော်

Image
ပါဝင်သော ပစ္စည်းများ ပဲတီချဉ် ပဲငံပြာရည် ငရုတ်သီးခြောက် ချင်း၊ နနွင်း ငရုတ်သီးစိမ်းတောင့် ဆလတ်ရွက် ပြင်ဆင်ပုံ ၁။ ကြက်သွန်ဖြူ/နီ၊ ချင်း၊ ငရုတ်သီးခြောက်တို့ကို ပါးပါးလှီးပြီးကြော်ပါ။ နီရောင်လာလျှင် ပဲတီချဉ်ထည့်ပါ။ ၂။ ငရုတ်သီးစိမ်းတောင့်ကို ခြမ်းထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးခြောက်ကြော်ထဲသို့ ပဲတီချဉ် ထည့်ပြီး ဆား၊ ပဲငံပြာရည်၊ နနွင်းတို့ထည့်၍ ကောင်းစွာမွှေ ပါ။ ငရုတ်သီးစိမ်းတောင့်ခြမ်းများထည့်ပါ။ ရေအနည်းငယ် ထည့်၊ ကျက်လျှင် ဆလတ်ရွက် ပါးပါးလှီးထည့်ပါ။

ပိန်းဥဆီပြန်

Image
ပါဝင်သော ပစ္စည်းများ ပိန်းဥ ၆လုံး ကြက်သွန်နီ ၂ လုံး ကြက်သွန်ဖြူ ၁ ဥ ငရုတ်သီးစိမ်းမှုန့် ၁ဇွန်း ဆီ ၅ ကျပ်သား ပြင်ဆင်ပုံ ၁။ ပိန်းဥကိုပြုတ်၍ အခွံနွှာပြီး ရေစင်စင်ဆေးပါ။ ၂။ ငရုတ်သီးအစိမ်းမှုန့်၊ ကြက်သွန်ဖြူ/နီတို့ကိုထောင်းပါ။ ပြုလုပ်နည်းအဆင့်ဆင့် ဆီကျက်ထဲသို့ ငရုတ်နှစ်ထည့်၍ ဆီသတ်ပါ။ ပြီးလျှင် ပိန်းဥထည့်မွှေပါ။ ဆား၊ ဟင်းခတ်မှုန့်၊ ရေအနည်းငယ်ထည့် ပြီး အဖုံးအုပ်ပါ။ ဆီပြန်လျှင် သုံးဆောင်နိုင်ပါသည်။

ပေါက်ပန်းဖြူရွက်သုပ်

Image
ပါဝင်သော ပစ္စည်းများ ပေါက်ပန်းဖြူရွက်နုနု ၅ ခက် ကြက်သွန်ဖြူ ၁ ဥ ကြက်သွန်နီ ၃ လုံး မြေပဲလှော်၂ ကျပ်ခွဲသား ဆီ ၅ ကျပ်သား သံပုရာသီး ၁ လုံး ပြင်ဆင်ပုံ ၁။ ပေါက်ပန်းဖြူရွက်ကိုပြုတ်ပါ။ နူးလျှင် အရွက်များကိုပါးပါးလှီးပါ။ ၂။ ကြက်သွန်ဖြူနှင့် ကြက်သွန်နီ တစ်လုံးကို ပါးပါးလှီး ဆီချက်ပါ။ ၃။ မြေပဲကို မညက်တညက်ထောင်းပါ။ ပြုလုပ်နည်းအဆင့်ဆင့် လှီးထားသော ပေါက်ပန်းဖြူရွက်ထဲသို့ ကြက်သွန်နီ၊ဆီကျက်၊ မြေပဲထောင်း၊ နှမ်း၊ ဟင်းခတ်မှုန့်၊ ဆားအနည်းငယ် ထည့်ပြီး ရောနယ်၍သုပ်ပါ။ သံသရာသီးညှစ်ထည့်ပါ။ အစပ်ကြိုက်က ငရုတ်သီးစိမ်း ပါးပါးလှီးထည့်ပါ။

မန်ကျည်းသီးစိမ်းချက်

Image
ပါဝင်သော ပစ္စည်းများ မန်ကျည်းသီးစိမ်း ထန်းလျက်၊ ဆား ငရုတ်သီးစိမ်း ကြက်သွန်ဖြူ/နီ ပြင်ဆင်ပုံ ၁။ မန်ကျည်းသီးစိမ်းတောင့်ကို ရေစပ်စပ်နှင့်ပြုတ်။ နူးလာလျှင် အအေးခံပြီး အေးလျှင် လက်ဖြင့်ချေ၍ အနှစ်ရည်ကို စစ်ယူထားပါ။ ၂။ ကြက်သွန်ဖြူ/နီ ထောင်းထားပါ။ ၃။ မန်ကျည်းသီးစိမ်းပြုတ်ရည်ထဲသို့ ထန်းလျက်၊ ဆား၊ အချို့မှုန့်တို့ထည့်ပါ။ ပြီးလျှင် ကျိုပါ။ ငရုတ်သီးစိမ်း ဓားပြားရိုက်ထည့်ပြီး ဖိုမှချ။ ပြုလုပ်နည်းအဆင့်ဆင့် ငရုတ်သီး၊ကြက်သွန်ဖြူ/နီထောင်းကိုဆီသတ်ပြီး၎င်းဆီသတ်ထဲသို့မန်ကျည်းသီးစိမ်းပြုတ်လောင်းထည့်၊ ထန်းလျက် (ဝါ) သကြားအနည်းငယ်ထည့်။ ချခါနီး ငရုတ်သီးစိမ်းဓားပြားရိုက်ထည့်ပါ။

ပေါက်ပန်းဖြူရွက်သနပ်

Image
ပါဝင်သော ပစ္စည်းများ ပေါက်ပန်းဖြူရွက် ဆီ သကြား၊ ဆား နှမ်းလှော် ပြင်ဆင်ပုံ ၁။ ပေါက်ပန်းဖြူရွက်ကို ရေဆေး၍ ရေဆူတွင် ထည့်ပြုတ်ပါ။ကျက်လျှင် ဆယ်ပြီး ရေအေးတွင်စိမ်ထားပါ။ အေးလျှင်သေးသေးလှီးထားပါ။ ၂။ နှမ်းလှော်ကို ထောင်းထားပါ။ ပြုလုပ်နည်းအဆင့်ဆင့် သေးသေးလှီးထားသော ပေါက်ပန်းဖြူရွက်ကို ရေညစ်ပြီး ၎င်းပေါ်သို့ ဆီကျက်၊ သကြား၊ ဆားထည့်၍ ရွရွကလေး နယ်ပါ။ နှမ်းလှော်ဖြူး၊ သမအောင်နယ်ပြီး ပြင်ပါ။